"အပိုင်းအစ (၅)"
မေ့ဖို့ကြိုးစားခဲ့လို့လား
လူတစ်ချို့က လူတစ်ချို့ကို
မေ့ခဲ့ကြတယ်။
မေ့ပစ်ဖို့တိုက်တွန်းခဲ့ဖူးလို့လား
လူတစ်ချို့က လူတစ်ချို့ကို
မေ့ပစ်ထားဖို့ တိုက်တွန်းခဲ့ကြတယ်။
ပစ္စုပ္ပန်မှာ ရှင်သန်ဖို့
အတိတ်တွေကို မေ့ထားခဲ့ရမှာလား
အတိတ်ထဲက လူတစ်ချို့ကို
မေ့ပစ်ဖို့ကြိုးစားရမှာလား
အနာဂတ်ကို ဖန်တီးဖို့
ပစ္စုပ္ပန်ကို ချန်ထားခဲ့ရမှာလား
ပစ္စုပ္ပန်က လူတစ်ချို့ကို
ချောင်ထိုးထားရမှာလား
နေပါစေဗျာ…
နေပါစေတော့…
သတိရချင်ရနေပါစေ
မေ့ချင်မေ့နေပါစေ။
ကိုယ်ဟာလည်း သူလိုကိုယ်လို
လူသားတစ်ယောက်ပဲမို့
မေ့ဖို့မကြိုးစားတော့သလို…
မေ့ပစ်ခံရဖို့လည်း
ဆုတောင်းမနေတော့ပါဘူး။
6.July.16
No comments:
Post a Comment