"မမေးဖြစ်ခဲ့ဘူး"
နေကောင်းရဲ့လားလို့
မေးချင်ခဲ့ပေမယ့်
မမေးဖြစ်ခဲ့ဘူး။
အလုပ်အကိုင်ကော
အဆင်ပြေရဲ့လားလို့
မေးချင်ခဲ့ပေမယ့်
မမေးဖြစ်ခဲ့ပါဘူး။
တို့နှစ်ယောက်ရဲ့ အတိတ်ကို
သတိရသေးရဲ့လားလို့
မေးချင်ခဲ့ပေမယ့်လည်း
မမေးဖြစ်ခဲ့ဘူး။
ကျွန်မကိုတွေ့ရတာ
ဝမ်းသာရဲ့လားလို့
မေးချင်ခဲ့ပေမယ့်
မမေးဖြစ်ခဲ့ပါဘူး။
ချစ်သူရည်းစားအသစ်
ရနေပြီလားလို့
မေးချင်ခဲ့ပေမယ့်လည်း
မမေးဖြစ်ခဲ့ဘူး။
နောက်ဆုံးတော့လည်း
မေးချင်ခဲ့တဲ့စိတ်ကို
ပိတ်ပင်တားမြစ်ပြီး
သူပြောသမျှကိုသာ
နားထောင်ရင်း....
တန်ဖိုးရှိတဲ့
ဒီဇင်ဘာတစ်ညဟာ
တန်ဖိုးမဲ့စွာ
ကုန်ဆုံးခဲ့တယ်။
==========
ကျွန်မ သူ့ကို
မေးခဲ့ချင်ပါတယ်။
××××××××××
အရင်လိုချစ်တုန်းပဲလားလို့။
No comments:
Post a Comment