Wednesday, June 13, 2012

မေတ္တာစက်ဝိုင်း


"မေတ္တာစက်ဝိုင်း"

ဒို့အားလုံး အတူတူပဲ မထူးခြားကြပါဘူး
ရယ်တတ်တယ် ပြုံးတတ်တယ် ကြင်နာတတ်တယ်

လူသားချင်း မတူညီတဲ့ စည်းများရှိနေလဲ
ခံစားမှုများ ထပ်တူ မရနိုင်ခဲ့

စဉ်းစားကြည့်စမ်း ရေမြေခြားနေလို့လား
အမျိုးအနွယ် အဖွဲ့အစည်း အသိုင်းအဝိုင်းကြောင့်လား
အတွေးအခေါ် မတူလို့ မဆက်စပ်မိတာလား

တိုးထွက်ခဲ့ ရှေ့ခရီးအတွက်
အသိခြင်း ဖလှယ် ရင်းနှီးမှုနဲ့
ကြိုးစားမယ် မေတ္တာစက်ဝိုင်း အတွင်းမှာကွယ်

မတူညီမှုတွေဟာ မဆိုနိုင်လောက်ပါဘူး
သေချာတွေးကြည့်လည်း မကွာဟသေးပါဘူး
ကွဲပြားတဲ့အသိတွေ စုစည်းကာ
မေတ္တာရဲ့စက်ဝိုင်းမှာ ပေါင်းစည်းကြမယ်
မျှတတဲ့အတွေးတွေ ဖော်ထုတ်ကာ
မေတ္တာရဲ့စက်ဝိုင်းမှာ

ဒီသီချင်းလေးက အခုမြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် တိုက်တွန်းလိုက်တဲ့ သီချင်းလေးပါ...

1 comment:

  1. ငြိမ်းချမ်းရေးကိုလိုလားသူပေါ့နော်

    ReplyDelete