"အနမ်း"
ယဉ်ကျေးပြူငှာတဲ့
လက်ဆွဲနှုတ်ဆက်မှုနဲ့
အစပြုခဲ့တဲ့
ချစ်ခြင်းမေတ္တာ…
ရိုးသားပွင့်လင်းတဲ့
စကားသံတွေကြားက
ချည်နှောင်မှုရှိတဲ့
ယုံကြည်ခြင်း…
ခင်မင်ရင်းနှီးတဲ့
နှလုံးသားတွေရဲ့
လမ်းပြမှုအောက်က
နားလည်မှု…
ဒီသဘောတရားတွေက
သယ်ဆောင်လာတဲ့
ခိုင်မြဲတဲ့ သံယောဇဉ်တွေအတွက်
အဖြေတစ်ခုက…
နဖူးထက်က အနမ်းတစ်ပွင့်
ဖြစ်လို့နေတယ်။
No comments:
Post a Comment