"အပိုင်းအစ (၃)"
ချိုမြိန်တဲ့အရသာကို
ချိုမြိန်တဲ့အရသာကို
ရှာဖွေတွေ့ရှိသွားတဲ့
နှုတ်ခမ်းအစုံက
နှလုံးသားကို လှမ်းပြောသည်။
“နောက်နောင်…
ချိုမြိန်မှုကိုပေးတဲ့
အဲဒီ့နှုတ်ခမ်းအစုံရဲ့
အနမ်းကိုပဲ လက်ခံတော့မယ်” တဲ့…
နှလုံးသားကလည်း
သဘောတူတဲ့အနေနဲ့
ရင်ခုန်သံတွေကို တိုးမြှင့်လိုက်စဉ်မှာပင်
ဦးနှောက်က
နှလုံးသားကို ပုံမှန်အတိုင်း
အလုပ်ပြန်လုပ်ဖို့
သတိပေးလိုက်ရင်း…
သူ ညည်းတွားလိုက်ပုံက
“ခန္ဓာကိုယ်မှာ ရှိရှိသမျှ အရာတိုင်းက
ငါ့ကို ဆန္ဒပြနေကြပါလား…”
No comments:
Post a Comment