Tuesday, March 25, 2014

အပိုင်းအစ (၄)


"အပိုင်းအစ (၄)"

အလုံပိတ် အခန်းထဲ
တစ်ယောက်တည်း ငုတ်တုတ်ထိုင်လို့

ပြက္ခဒိန်စာရွက်တွေကို
စိတ်မှန်းနဲ့ လှန်နေရင်း…

နေ့ရက်တွေကိုလည်း
စိတ်မှန်းနဲ့ လက်ချိုးရေတွက်နေမိရဲ့…

အမှောင်လောက ကနေ
အလင်းလောက ထဲ…

ဆိုးခြင်းမှသည်
ကောင်းခြင်းဆီသို့…

ဘယ်အရာမှ မပိုင်ဆိုင်ဖူးသေးတဲ့
လူတစ်ယောက်အလား…

အခန်းတစ်ခုလုံးကို
ဝေ့ဝဲကြည့်လိုက်စဉ်ခဏ…

ပတ်ဝန်းကျင်တစ်ခုလုံး
အသံနက်ကြီးတစ်ခု
မြည်ဟီးသွားတယ်။

“မင်း ဘဝက ဆုံးနေပါပြီ”

မမြင်ရတဲ့ ကိုယ့်မျက်နှာကို
မရှိတဲ့ မှန်ထဲကြည့်ရင်း
ရေရွတ်လိုက်မိတာက…

“ဟုတ်တယ်… မျှော်လင့်ချက် ရိုက်ချိုးခံရတဲ့ ဘဝက
ဆုံးပြီးသား ဘဝ။”

No comments:

Post a Comment