"နှစ်သစ်ကူး"
ပြောင်းလဲသွားတဲ့
အချိန်တွေ၊ ရာသီတွေအပေါ်
ခံစားချက်တွေ မဲ့နေခဲ့တဲ့
လူတစ်ယောက်အလား…
အသက်ရှင် ရပ်တည်ခဲ့ပြီးကာမှ
ပြောင်းလဲနေတဲ့ လောကကြီးထဲ
ပြောင်းလဲနေတဲ့ လူ့စိတ်တွေထဲ
ငါ… အနည်ကျကျောက်လို
အမြစ်တွယ်စပြုခဲ့တဲ့
ခံစားချက်တွေထဲ
ငြိမ်သက်စွာ စီးမျောရင်ခုန်ရင်း
နှစ်သစ်ကို
သူနဲ့အတူ ကြိုခဲ့ဖူးပြီ။
No comments:
Post a Comment