Friday, January 10, 2014

ဝိုင်...



"ဝိုင်"

အနားလာချတဲ့
ဖန်ခွက်အလွတ်ထဲ
ငါ့နှလုံးသားထဲက သွေးရည်တွေ
သွန်းလောင်းချလိုက်သလို
ဖန်ခွက်တစ်ခုလုံး
နီမြန်းလို့သွား
…..
ဖန်ခွက်ထဲနေရာယူနေတဲ့
အနီရင့်ရောင် အရည်တွေ
ငါတို့နှစ်ယောက်အတွက်
သစ္စာရေလား
မေတ္တာရေလား
ငါ ဝေခွဲမနေတော့
…..
ဖန်ခွက်ကို လက်ကကိုင်လျက်
တစ်စုံတစ်ရာကို ရေရွတ်ဖို့
အားယူလိုက်စဉ်
နှုတ်ခမ်းချင်း ထိခိုက်ပွတ်ရှသံတို့
ပွက်လောညံသွားပြီး
ပူလောင်မှု ခံစားချက်တို့
လည်ပင်းတစ်လျှောက်
ဖြတ်သန်းစီးဆင်းသွားတယ်
…..

No comments:

Post a Comment