Friday, January 10, 2014

အပိုင်းအစ (၂)

"အပိုင်းအစ (၂)"

နားမလည်နိုင်တဲ့
သံသရာစက်ဝန်းကိုလည်း
ကိုယ် မလေ့လာကြည့်တော့…

ဖြေရှင်းချက်မရှိတဲ့
ဘဝတွေရဲ့ အဓိပ္ပါယ်ဖွဲ့ဆိုမှုကိုလည်း
ကိုယ် မရှာဖွေချင်တော့…

ခဏတာအငှားခန္ဓာကိုယ်ကို
မှီငြမ်းရင်း
ဖြစ်တည်လာတဲ့
ခံစားချက်တစ်ခုကိုတော့
ကိုယ် အသေအချာသိနေတယ်။

အဲ့ဒါက…
တစ်နေရာရာမှာ ဖြစ်ပေါ်ခဲ့တဲ့
အချစ်တွေက ဒီအချိန်ရောက်မှ
ပြန်လည်အသက်ဝင်လှုပ်ရှားလို့
ကိုယ်နဲ့မင်းနဲ့ကြား…
                                          ဆက်နွယ်ပတ်သတ်မှုတွေ ရှိနေခဲ့ပြီ။

No comments:

Post a Comment