Friday, January 10, 2014

အပိုင်းအစ (၁)

"အပိုင်းအစ (၁)"

ကြော့ရှင်းနေတဲ့
ခန္ဓာကိုယ် အချိုးအစားတွေကို
ပိုပီပြင်သွားအောင်
မီးထိုးဖို့
ရှင် ခလုတ်ဖွင့်လိုက်တော့…
ကျွန်မရဲ့ ကိုယ်သင်းနှံ့တွေကြား
သက်တန့်ရောင်စုံမီးတွေ
တိုးဝင်မှေးစက်ခဲ့တယ်။
ကျွန်မရဲ့လှပမှုနဲ့
ရှင့်ရဲ့ အနုပညာတို့
ပညာစမ်းတဲ့ အဲဒီ့ညက
ပေါင်းစပ် ဖန်တီးမှုကို
ဂုဏ်ပြုတဲ့အနေနဲ့…
ကင်မရာအရှေ့က
ငြိမ်သက်မှု ရုပ်ထုက
ကင်မရာနောက်က
အေးစက်စက် မျက်လုံးအစုံကို
                                                    ပြုံးပြနှုတ်ဆက်ခဲ့တယ်။

No comments:

Post a Comment