"ပြောင်းလဲမှုတွေနဲ့ ရန်ကုန်"
သြော်…
ရန်ကုန် ရန်ကုန်
နင်တောင်
အခု မာယာများလာပါလား။
နင်
မာယာများလာမှာပေါ့… မာယာများတဲ့
သူတွေနဲ့
ပေါင်းနေတာကိုး။
သြော်…
ရန်ကုန် ရန်ကုန်
နင်တောင်
အခု သစ္စာမဲ့လာပါလား။
နင်
သစ္စာမဲ့လာမှာပေါ့… ငါးစိမ်းမြင်
ငါးကင်ပစ်တတ်နေပြီကိုး။
သြော်…
ရန်ကုန် ရန်ကုန်
နင်တောင်
အခု မေတ္တာမဲ့လာပါလား။
နင်
မေတ္တာမဲ့လာမှာပေါ့… နင်ပေးတဲ့
မေတ္တာတွေကို
တုန့်ပြန်တဲ့သူမှ မရှိတော့တာကိုး။
သြော်…
ရန်ကုန် ရန်ကုန်
နင်တောင်
အခု ခံစားချက်တွေ မရှိတော့ပါလား။
နင်
ခံစားချက်မဲ့လာမှာပေါ့… နင့်ခံစားချက်တွေက
တခြားသူတွေကို
ထိခိုက်စေနေပြီကိုး။
သြော်…
ရန်ကုန် ရန်ကုန်
နင်တောင်
အစစအရာရာ ပြောင်းလဲလာပါလား။
ပြောင်းလဲလာမှာပေါ့…
လွန်ခဲ့တဲ့ နှစ် (၂၀) က
ငါ
သိခဲ့တဲ့ ရန်ကုန်မြို့လေးမှ မဟုတ်တော့တာ။
No comments:
Post a Comment