"ငိုရှိုက်သံ"
လူ့ဘောင်ထဲက
ငိုရှိုက်သံ သဲ့သဲ့
ငါ့
ရင်ခွင်ကို
လာရိုက်ခတ်တယ်။
ရှောင်ဖယ်ဖို့ခက်တဲ့
ငိုရှိုက်သံ သဲ့သဲ့
ငါ့
အမြင်ကို
ဝေဝါးစေတယ်။
မှန်နံရံတွေ
နောက်ကွယ်က
ငိုရှိုက်သံ
သဲ့သဲ့
ငါ့
နှလုံးသားကို
အေးစက်စေတယ်။
အပြုံးတွေနဲ့
တန်ဆာဆင်ထားတဲ့
ငိုရှိုက်သံ
သဲ့သဲ့
ငါ့
အာရုံတွေကို
ထွေပြားစေတယ်။
အဲဒီ့
ငိုရှိုက်သံ သဲ့သဲ့ကို
နားစွင့်ရင်း
ငါ့ ရင်ခုန်သံတွေ
.................
ယိုင်နဲ့ခဲ့တယ်…
မှတ်ချက်။ ။ ကို့ အတွက် ရည်ရွယ် ရေးဖွဲ့သည်။ ကေ
No comments:
Post a Comment