Wednesday, June 12, 2013

ဟိုရောက်…ဒီရောက်



"ဟိုရောက်…ဒီရောက်"

တစ်ချိန်က ရေစိုနေတဲ့
လမ်းမကြီးပေါ် ရောက်ခဲ့ပြန်ပြီ။

တစ်ချိန်က တိတ်ဆိတ်မှုတွေ
မင်းမူတဲ့ ဒီဆိုင်ကို ရောက်ခဲ့ပြန်တယ်။

တစ်ချိန်က အေးချမ်းမှုတွေ
အပြည့်နဲ့နေရာကို ရောက်ခဲ့ပြန်ပြီ။

တစ်ချိန်က ဆူညံမှုတွေ
ရုန်းကန်နေတဲ့ ဒီအခန်းထဲကို ရောက်ခဲ့ပြန်တယ်။

တစ်ချိန်က နှစ်ယောက်အတူ
ရှိနေခဲ့ဖူးပါတယ်။

တစ်ချိန်က နှစ်ယောက်အတူ
သွားခဲ့ဖူးပါတယ်။

တစ်ချိန်ကပေါ့… တစ်ချိန်က
……….
အခုတော့လည်း
ငါ့ရဲ့ စိတ်တွေ
ဟိုရောက်…ဒီရောက်
ငါဟာ… အရူးတစ်ယောက်

No comments:

Post a Comment