Wednesday, June 12, 2013

အမှား မှ အမှန်တရား သို့



"အမှား မှ အမှန်တရား သို့"

ဆယ်စုနှစ် တစ်ခုစာလောက်
အသက်ကွာတဲ့ သူကို ချစ်မိတာ
သမီးရဲ့ အမှားလား…ဖေဖေ

အတွေးနယ်ချဲ့ပြီး ခံစားချက်
ပြင်းထန်လွန်းတတ်တဲ့ သူကို ချစ်မိတာ
သမီးရဲ့ အမှားလား…

မပြတ်မသားလုပ်တတ်တဲ့
ယောက်ျားတစ်ယောက်ကို ချစ်မိတာ
သမီးရဲ့ အမှားလား…ဖေဖေ

ချစ်ရတဲ့သူ ရှိပြီးသားမှန်း
သိလျက်နဲ့ ချစ်မိတာ
သမီးရဲ့ အမှားလား…

ပေါင်းစပ်လို့ မရမှန်း
သိလျက်နဲ့ ချစ်မိတာ
သမီးရဲ့ အမှားလား…ဖေဖေ

ဘယ်အရာက သမီးရဲ့ အမှားလဲ…
ဘယ်တစ်ခုက သမီးရဲ့ အမှားလဲ…
……….
သမီးကိုယ် သမီး ချစ်တဲ့ အချစ်ထက်
သူ့ကို ပိုချစ်မိတာကသာ
သမီးရဲ့ အမှားထဲက အမှန်တရားလို့
သမီး ခံယူလိုက်ပြီ…ဖေဖေ

No comments:

Post a Comment