ငါက သူ့အတွက်နဲ့ ကျရှုံးချင်ခဲ့တာပါ။
သူ့ကိုပဲ
နှစ်နှစ်ကာကာ ချစ်ပြီး သူ့ကိုပဲ မျှော်လင့်ချင်ခဲ့တာပါ။
ငါ့ဘဝတစ်ခုလုံးကို
သူ့ဆီမှာ
ပုံအပ်ထားပြီးတော့
လျှောက်လှမ်းချင်ခဲ့တာပါ။
ငါ
ဘာတွေပဲလုပ်လုပ် သူ့ကြောင့်ပဲလို့ ဖြစ်ချင်ခဲ့တာပါ။
ဒါပေမယ့်…
တကယ်ဖြစ်မလာခဲ့ဘူး…
ငါ
အရှုံးပေးပြီး ချစ်ရလောက်အောင်
ငါ
မျှော်လင့်ပြီး ချစ်ရလောက်အောင်
ငါ့ဘဝကို
ပုံအပ်ပြီး ချစ်ရလောက်အောင်
ငါ
ဘာလုပ်လုပ် သူ့အတွက်ပဲ
ဖြစ်ရလောက်အောင်အထိ
သူ့မှာ အရည်အချင်းမရှိဘူး။
တစ်ခါက
ကျရှုံးဖူးခဲ့တယ်လို့
ထင်ခဲ့တဲ့
ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေက
အခုထိ
ဘယ်သူ့အတွက်မှ မကျရှုံးသေးဘူးလို့
ငါ
ဒီနေ့ သိလိုက်ရတယ်။
No comments:
Post a Comment