Friday, May 17, 2013

တစ်စစီ ကြေမွနေတဲ့ နှလုံးသား

"တစ်စစီ ကြေမွနေတဲ့ နှလုံးသား"


အတိတ်က အဖြစ်အပျက်တွေကို စာရွက်တစ်ရွက်ပေါ်မှာ ခဲတံနဲ့ ချရေးပြီး မှတ်သားထားလေ့ ရှိတဲ့ ကျွန်မ… သူ့အကြောင်းတွေနဲ့ ပတ်သတ်တော့မှ ကျောက်စာတစ်ချပ် ပြုစုနေမိတယ်…

အတိတ်က အဖြစ်အပျက်တွေကို တစ်ခါတစ်လေ စိတ်တိုင်းမကျရင် ခဲဖျက်နဲ့ ဖျက်လေ့ ရှိတဲ့ ကျွန်မ… သူ့အကြောင်းတွေနဲ့ ပတ်သတ်တော့မှ ကျောက်စာတစ်ချပ်ကို ပြီးအောင်ရေးနေမိတယ်…

လူတိုင်းပြောကြတဲ့ စကားတစ်ခွန်း ရှိပါတယ်… "ကျောက်စာကို ခဲဖျက်နဲ့ ဖျက်၍မရ" တဲ့။ အဲ့ဒါကြောင့်ပဲလားတော့မသိဘူး… ကျွန်မ တစ်ခါမှ ခဲဖျက်နဲ့ ဖျက်ဖို့မကြိုးစားခဲ့ဖူးပါဘူး။ ဒါပေမယ့်…

သူကတော့ ခဲဖျက်နဲ့ဖျက်ဖို့ စိတ်မကူးပေမယ့် ဘူဒိုဇာနဲ့ တစ်ခါတည်း တိုက်ချပစ်လိုက်တယ်လေ။
အခုတော့… ကြေမွသွားတဲ့ ကျောက်စာ အပိုင်းအစတွေကို တစ်စစီပြန်လိုက်ကောက်ရင်း အချိန်တွေကုန်ခဲ့ပြီပေါ့…

No comments:

Post a Comment