"နေတတ်ခဲ့ပြီ"
ဆည်းဆာချိန်ကို
ရပ်ကြည့်ရင်း
လွမ်းနေရတဲ့
ဘဝမှာ
နေရောင်ပြန်လည်
အသက်ဝင်လာဖို့
ကိုယ်မျှော်နေမိတယ်… ချစ်သူ
လှိုင်းသံတွေ
ပြည့်နှက်နေတဲ့
တစ်ညတာ
အချိန်ဟာ
ကိုယ့်အတွက်တော့
ရှည်ကြာလွန်းပါတယ်…
နေထွက်လာတဲ့
အချိန်မှာ
ကိုယ်ဟာ
ပျော်ရွှင်နေပေမယ့်
နေဝင်သွားတဲ့
အခါမှာတော့
ကိုယ်ဟာ
လွမ်းဆွတ်တမ်းတနေမိတယ်… ချစ်သူ
ဘယ်အရာကိုမှ
လှမ်းယူ
ဆုပ်ကိုင်ထားလို့မရတဲ့
ဘဝမှာ
လာရာလမ်းအတိုင်း
ပြန်သွားကြတဲ့
လှိုင်းတွေကိုပဲ
ကိုယ်
ငေးမောကြည့်နေမိတော့တယ်…
ပင်လယ်ကမ်းခြေရဲ့
အလှ
နေရောင်ပျောက်ကွယ်တဲ့
ညနဲ့
အမှောင်ထုက
လွှမ်းခြုံတဲ့ ဘဝတွေမှာ
ကိုယ်
တစ်ယောက်တည်း နေတတ်ခဲ့ပါပြီ… ချစ်သူ
..........
လာရာလမ်းအတိုင်း
ပြန်လည်ထွက်ခွာသွားပါတော့…
No comments:
Post a Comment