Wednesday, May 15, 2013

တို့ချစ်တဲ့ ကလေးတွေ


"တို့ချစ်တဲ့ ကလေးတွေ"

ပညာကို ငတ်မွတ်နေတဲ့
တို့ချစ်တဲ့ ကလေးတွေ
နည်းပညာအသစ်အဆန်းတွေကို ငေးမောကြည့်နေတဲ့
တို့ချစ်တဲ့ ကလေးတွေ
ဓာတ်ပုံတွေကို တန်ဖိုးထား မြတ်နိုးတတ်တဲ့
တို့ချစ်တဲ့ ကလေးတွေ
ဘယ်အားကစားကိုမဆို ပါဝင်ဖို့အားတက်နေတဲ့
တို့ချစ်တဲ့ ကလေးတွေ
သနပ်ခါးပါးကွက်ကြားတွေအောက်က ပြုံးရယ်နေတဲ့
တို့ချစ်တဲ့ ကလေးတွေ
ပင်လယ်လှိုင်းလုံးတွေကို မကြောက်ရွံ့တဲ့
တို့ချစ်တဲ့ ကလေးတွေ

အဲဒီ့ကလေးတွေရဲ့ ဘဝကို
လှပအောင် အထပ်ထပ်
မွမ်းမံဖို့...
အဲဒီ့ကလေးတွေရဲ့ အနာဂတ်ကို
စိုပြေအောင် အထပ်ထပ်
ပုံဖော်ဖို့...
အဲဒီ့ကလေးတွေရဲ့ အိမ်မက်ကို
ဖြစ်မြောက်အောင် အထပ်ထပ်
ခြယ်သဖို့...
ကူညီနိုင်တဲ့အပိုင်းကနေ
လက်တွဲကူညီဖို့...
ငါတို့အဖွဲ့ သွားရောက်ခဲ့တယ်။

တကယ်ပါ...
ဘဝမှာ တစ်ခါမှ
မမျှော်လင့်ဘူးတဲ့
ဆရာ၊ ဆရာမနဲ့ တပည့်
သံယောဇဉ်တွေ
ဖြစ်တည်ခဲ့တယ်။
ညီအစ်ကို၊ မောင်နှမ
သံယောဇဉ်တွေ
မွေးဖွားလာခဲ့တယ်။
မိသားစုဆိုတဲ့
သံယောဇဉ်တွေ
ကြီးထွားလာခဲ့တယ်။

နောက်ဆုံးတော့...
ခဏတာဆိုတဲ့ အချိန်လေးက
တစ်ဘဝ မမေ့နိုင်တဲ့ အမှတ်တရတွေအဖြစ်
ရှိနေခဲ့ပြီ။

(ဝက်သေကျေးရွာ၊ ရွှေသောင်ယံမြို့၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်း) မှ ကလေးငယ်များအား သတိရလျက် ရေးဖွဲ့ပါသည်။

No comments:

Post a Comment