"မျဉ်းနှစ်ကြောင်းရဲ့
လားရာ"
အခြား အခြားသော
မျဉ်းကြောင်းတွေလို
မျဉ်းနှစ်ကြောင်းဟာလဲ
နောက်ခံသမိုင်း
အမြင်၊ လားရာနဲ့ ခံယူချက်တွေ
မတူညီကြပေမယ့်
တစ်နေ့တော့…
အကွေ့အကောက်၊ အနိမ့်အမြင့်တွေကို
ဖြတ်ကျော်ရင်း…
ဆုံမှတ်တစ်ခုမှာ သွားဆုံခဲ့ကြတယ်။
သို့သော်…
အဲဒီ့မျဉ်းနှစ်ကြောင်းက
လာခဲ့တဲ့
လားရာအတိုင်း
ပြန်ထွက်သွားဖို့
ကြိုးစားကြပေမယ့်
နောက်ဆုံးတော့…
ပြည့်စုံလှပတဲ့
မျဉ်းတစ်ကြောင်းအနေနဲ့ပဲ
ဆုံမှတ်ကနေ ပြန်ထွက်လာခဲ့တယ်။
သူ့ရဲ့လားရာကတော့…
ယုံကြည်ချက်ပေါ့။
No comments:
Post a Comment