Monday, October 1, 2012

အသက်ရှင်စဉ်ကာလ



"အသက်ရှင်စဉ်ကာလ"

အသက်ရှင်နေကြတဲ့ အချိန်မှာ…
ကိုယ့်ဘဝတောင်
ကိုယ်မေ့နေကြတဲ့ သူတွေရှိတယ်။
ကိုယ့်အဖြစ်တောင်
ကိုယ်မေ့နေကြတဲ့ သူတွေရှိတယ်။

သူများကို “မင်း ဘယ်သူလဲ”
သွားမမေးနဲ့။
သူများကို “သူ ဘယ်သူလဲ”
သွားမမေးနဲ့။
သူများကို “ငါ ဘယ်သူလဲ”
သွားမမေးနဲ့။

ကိုယ်…ဘယ်သူလဲဆိုတာ
ကိုယ်…အရင်သိအောင်လုပ်
ကိုယ်…ဘယ်နေရာမှာလဲဆိုတာ
ကိုယ်…အရင်သိအောင်လုပ်
ကိုယ်…ဘာလုပ်နေလဲဆိုတာ
ကိုယ်…အရင်သိအောင်လုပ်။

No comments:

Post a Comment