"ဖြစ်လာဖို့ကောင်းပါရဲ့..."
တစ်ခါတစ်လေကျတော့
မဖြစ်နိုင်တော့တဲ့ အရာကိုမှ ဖြစ်လာဖို့ကောင်းပါရဲ့ဆိုပြီး ဆုတောင်းမိတယ်…ကိုကို။
ကိုကို ဘာလို့ကိုကို့ညီနဲ့ ညီမလေးကို ထားသွားရတာလဲ။ ကိုကို့ကို ညီမလေးတစ်ကြိမ်တစ်ခါမှ မမြင်တွေ့လိုက်ရပေမယ့် ကိုကို့ရဲ့ နာမည်ကိုတော့ ရင်းနှီးနေပါတယ်။ ကိုကို့ကို မောင်ကြေးမုံလို့ ဆေးရုံကလူတွေက နာမည်ပေးထားကြတယ်တဲ့။ ဒါဆိုရင် ကိုကိုက တော်တော်လေးကို ချစ်ဖို့ကောင်းပြီး ကြည့်မဝဖြစ်ရလောက်အောင်အထိကို ရူပါရုံကဖမ်းစားထားနိုင်တယ် ထင်တယ်။ ဟုတ်မှာပါ…ဒယ်ဒီနဲ့မာမီကလဲ ပြောပါတယ်။ ကိုကိုက ညီမလေးတို့ မိသားစုထဲမှာ အချောဆုံးပဲတဲ့။ ဒါပေမယ့် ကိုကို့ကို နာမည်အရင်းတောင် မပေးလိုက်ရဘူးတဲ့။ ကိုကို လူ့ဘဝ၊ လူ့အသက်ကို ရခဲ့တဲ့ အချိန်က တိုတောင်းလွန်းလို့ပါ။ မာမီက ၁၉၈၆ မတ်လ (၁၆) ရက်နေ့ (တနင်္ဂနွေနေ့)မှာ ကိုကို့ကို မွေးတယ်လို့ပြောတယ်။
ကိုကို ဘာလို့ကိုကို့ညီနဲ့ ညီမလေးကို ထားသွားရတာလဲ။ ကိုကို့ကို ညီမလေးတစ်ကြိမ်တစ်ခါမှ မမြင်တွေ့လိုက်ရပေမယ့် ကိုကို့ရဲ့ နာမည်ကိုတော့ ရင်းနှီးနေပါတယ်။ ကိုကို့ကို မောင်ကြေးမုံလို့ ဆေးရုံကလူတွေက နာမည်ပေးထားကြတယ်တဲ့။ ဒါဆိုရင် ကိုကိုက တော်တော်လေးကို ချစ်ဖို့ကောင်းပြီး ကြည့်မဝဖြစ်ရလောက်အောင်အထိကို ရူပါရုံကဖမ်းစားထားနိုင်တယ် ထင်တယ်။ ဟုတ်မှာပါ…ဒယ်ဒီနဲ့မာမီကလဲ ပြောပါတယ်။ ကိုကိုက ညီမလေးတို့ မိသားစုထဲမှာ အချောဆုံးပဲတဲ့။ ဒါပေမယ့် ကိုကို့ကို နာမည်အရင်းတောင် မပေးလိုက်ရဘူးတဲ့။ ကိုကို လူ့ဘဝ၊ လူ့အသက်ကို ရခဲ့တဲ့ အချိန်က တိုတောင်းလွန်းလို့ပါ။ မာမီက ၁၉၈၆ မတ်လ (၁၆) ရက်နေ့ (တနင်္ဂနွေနေ့)မှာ ကိုကို့ကို မွေးတယ်လို့ပြောတယ်။
ဒါဆို ကိုကိုက နွေရာသီရဲ့
ရှင်ဘုရင် ဖြစ်ခဲ့တာပေါ့နော်။ ဒါပေမယ့် ကိုကို ရှင်ဘုရင်အဖြစ်ခဏလေးပဲ စံခဲ့ရတယ်နော်။
(၇) ရက်၊ တစ်ပတ်ဆိုတာ တကယ့်ကို ခဏလေးပါ။ ညီမလေးကသာ ရှင်ဘုရင်လို့ တင်စားလိုက်တာ။ တကယ်တော့
ကိုကိုက ဒယ်ဒီနဲ့မာမီ့အတွက် နွေရာသီမှာ တိုက်ခတ်လာတဲ့ လေနုအေးလေ တစ်ခုပါပဲ…ကိုကိုရယ်။
ဒယ်ဒီနဲ့မာမီက ပြောတယ် “ကလေးရဲ့ နှလုံးမှာ အပေါက်တွေနဲ့” လို့ဆိုတဲ့ စကားသံကိုကြားလိုက်ရတော့
သူတို့ တော်တော်လေး တုန်လှုပ်ခဲ့ရတယ်။ တော်တော်လေးကို ဝေဝါးခဲ့ကြတယ်။ ကိုကို့ နှလုံးမှာ
အပေါက်ကလေးတွေပါလာတယ်တဲ့။ အဲဒီ့ကတည်းက အားလုံးသိနေကြတယ်တဲ့… ကိုကို ကြာကြာမနေရတော့ဘူးဆိုတာ။
ကိုကို ခဏလေး လာနှုတ်ဆက်သွားတာလို့ မာမီကပြောတယ်။ သေချာပြန်တွေးကြည့်တော့လဲ အဲဒီ့အချိန်တုန်းက
ဒီလောက်ထိတိုးတက်သေးတာ မဟုတ်တော့ ကိုကို့ကို ဘယ်လိုကယ်ရမလဲ မသိကြတာနေမှာပေါ့။ နောက်ဆုံးတော့
ကိုကိုအေးချမ်းတဲ့နေရာကို ရောက်သွားပြီလို့…ဒယ်ဒီကပြောပြတယ်။ ကိုကို ဆုံးသွားတာ စစ်ဆေးရုံမှာဆိုတော့
အဲဒီ့ဆေးရုံကိုပဲ လှူလိုက်ကြတယ်တဲ့။ ကိုကို ဝေဒနာကို ခဏလေးပဲ ခံစားလိုက်ရတဲ့အတွက်တော့
ညီမလေး ဝမ်းသာမိတယ်။ ဒါပေမယ့် ကိုကို့ဆီမှာ အဲဒီ့ရောဂါသာ ပါမလာခဲ့ဘူးဆိုရင်…
“ကိုကို…ကိုကို…ကိုကို…”
မကြားနိုင်မှန်းသိပေမယ့် ထပ်ခါထပ်ခါ အော်ခေါ်နေမိတဲ့ ညီမလေးကို ခွင့်လွှတ်ပါနော်။ ကိုကို့ကို
ညီမလေးအနားမှာနေစေချင်တယ်။ ကိုကို ဘာလို့ညီမလေးကို တစ်ယောက်တည်းထားသွားရတာလဲဟင်။ အခုတော့
ကိုကိုက လွတ်လပ်တဲ့နေရာမှာ ပျော်မွေ့နေပေမယ့် ညီမလေးကတော့ ပိုးမွေးတဲ့ အလှောင်ပိတ်
အခန်းထဲမှာပဲ ရှင်သန်ခဲ့ရတာ ဆယ်စုနှစ် နှစ်ခုတောင်ရှိခဲ့ပြီ။ ကိုကိုက ဒယ်ဒီနဲ့မာမီရဲ့
ဒုတိယမြောက်သားပါ။ ကိုကို့အထက်မှာ အကြီးဆုံးတစ်ယောက် ရှိခဲ့တယ်ဆိုတာ ကိုကိုသိရဲ့လား။
ကိုကို့ထက်တစ်နှစ်ပဲကြီးတဲ့ ကိုကို့ရဲ့ အစ်ကိုအကြောင်း နားထောင်ခဲ့ရဖူးလား။ ကိုကို့ကိုတော့
၁၉၈၇ ဇွန်လ (၁၆) ရက်နေ့ (အင်္ဂါနေ့)မှာ မွေးတယ်လို့ မာမီကပုံပြင်ပြောတဲ့အခါ ထည့်ထည့်ပြောတယ်။
ကိုကို့ကိုတော့ ဖွားဖွားက “Clive John” လို့နာမည်ပေးလိုက်တယ်တဲ့။ အင်္ဂလိပ်နာမည်ပဲရှိတဲ့
ကိုကို့ကို ညီမလေးက ဗမာနာမည်ပါပေးစေချင်ခဲ့တာပါ။
ကိုကိုက ညီမလေးတို့
မိသားစုရဲ့ ဇွန်လမှာမွေးတဲ့ မိုးရာသီဖွားနောက်တစ်ယောက်ပေါ့နော်။ ဒယ်ဒီက ဇူလိုက်လမှာမွေးတာဆိုတော့
ညီတူညီမျှဖြစ်သွားတာပေါ့။ မာမီနဲ့ ကိုကိုကြေးမုံနဲ့က နွေရာသီဖွားတွေလေ…ကိုကို။ ကိုကို
ချစ်ဖို့ကောင်းတာကို အိမ်မှာရှိတဲ့ ရှားရှားပါးပါး အိုဟောင်းနေတဲ့ ဓာတ်ပုံနှစ်ပုံက
သက်သေပြနေတယ်။ ကိုကိုတို့နှစ်ယောက်လုံးက ဒယ်ဒီနဲ့တော်တော်လေးကို တူကြတယ်တဲ့။ ဒါပေမယ့်…ကိုကိုလို့ခေါ်ဖို့အတွက်
ညီမလေး အခွင့်အရေးမရခဲ့ဘူး။ ကိုကိုက မွေးရာပါ ကျောက်ကပ်ရောဂါနဲ့ ခရစ်တော်၌ အိပ်ပျော်ခဲ့တဲ့
ကောင်လေးတစ်ယောက်ပဲ။ ကိုကို့ကို စီရင်ချက်ချတာ ဘာလို့အဲဒီ့လောက်တောင် စောရတာလဲဟင်…။
ကိုကိုက သူရဲကောင်းတွေနဲ့
အတူတူ (၈၈၈၈) အရေးတော်ပုံအပြီးမှာပဲ ညီမလေးတို့ မိသားစုကို အပြီးအပိုင် စွန့်ခွာသွားခဲ့တယ်နော်။
ကိုကိုကတော့ ညီမလေးရဲ့ ရင်ထဲက သူရဲကောင်းတစ်ယောက်ပါ။ တခြားသူတွေက ကိုကို လို့ခေါ်တဲ့အသံကြားတိုင်း
ညီမလေးရဲ့ အသည်းထဲက နာကျင်ခဲ့ရတယ်။ ကိုကိုသာ ညီမလေးအနားမှာ ရှိမယ်ဆိုရင် ညီမလေးကို
လမ်းပြ ပို့ဆောင်ပေးလို့ရတာပေါ့။ ညီမလေးကို သွန်သင် ထိန်းကျောင်းပေးလို့ရတာပေါ့။ ညီမလေးကို
အားပေး နှစ်သိမ့်ပေးလို့ရတာပေါ့။ မာမီ ခဏခဏ ပြောပြဖူးတဲ့ ကိုကို့ရဲ့လှုပ်ရှားဟန်တွေကို
ညီမလေးစိတ်ကူးနဲ့ ပုံဖော်ခဲ့ပါတယ်။ မာမီပြောပြဖူးတဲ့ ကိုကို့ရဲ့ ရယ်ပြုံးမှုပုံစံတွေကို
ညီမလေး မျက်စိနဲ့ မြင်ကြည့်ခဲ့ပါတယ်။ မာမီပြောပြဖူးတဲ့ ကိုကို့ရဲ့ ရောဂါဝေဒနာကို ညီမလေး
နှလုံးသားနဲ့ ခံစားခဲ့ပါတယ်။ ဒါပေမယ့် ကိုကို့ဆီမှာ အဲဒီ့ရောဂါသာ ပါမလာခဲ့ဘူးဆိုရင်…
![]() | |
| My Dream |
ဒါပေမယ့်…ဘဝဆိုတာက
ကိုယ်ဖြစ်ချင်သလို ဖြစ်လာတဲ့ အရာမှမဟုတ်တာ။ ကိုကိုတို့နှစ်ယောက်နဲ့ မတွေ့ဆုံလိုက်ရလို့
ဝမ်းနည်းပေမယ့် ကိုကိုတို့ရဲ့ ညီမအငယ်ဆုံးလေး ဖြစ်ရတာကိုတော့ ညီမလေး ဂုဏ်ယူမိတယ်…"ဒီဘဝမှာ
တစ်ယောက်နဲ့တစ်ယောက် မဆုံတွေ့ဖြစ်ခဲ့ကြပေမယ့် ညီမလေးတို့ သုံးယောက်က သွေးသားတော်စပ်ခဲ့ကြတဲ့
မောင်နှမတွေပါပဲ" တကယ်လို့သာ…ကိုကိုတို့နှစ်ယောက်စလုံးမှာ အဲဒီ့လို ရောဂါဆိုးတွေ
ပါမလာခဲ့ဘူးဆိုရင်…သိပ်ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုတစ်စု ဖြစ်နေမှာပေါ့နော်။

No comments:
Post a Comment