Friday, September 14, 2012

အဆိပ်သင့်ခဲ့ပြီ...

"အဆိပ်သင့်ခဲ့ပြီ..."


ရှင့်ရဲ့ ပြည့်စုံတဲ့ စိတ်ဓာတ်တစ်ခုက ကျွန်မရဲ့ နှလုံးသားထဲကို အသာလေး စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီးတော့မှ ရှင့်ရဲ့ အတ္တဆန်တဲ့လုပ်ရပ်တွေက နှလုံးသားကို အသာလေး ဘေးဖယ်ထားခဲ့ပြီလား…

ရှင့်ရဲ့ နူးညံ့တဲ့ အကြည့်တွေက ကျွန်မရဲ့ နှလုံးသားကို အသာလေး လှုပ်ခါခဲ့ပြီးတော့မှ ရှင့်ရဲ့ လိုချင်တပ်မက်တဲ့ လောဘတွေက နှလုံးသားကို အသာလေး လွှတ်ချခဲ့ပြီလား…

ရှင့်ရဲ့ မွန်မြတ်တဲ့ စကားတွေက ကျွန်မရဲ့ နှလုံးသားကို အသာလေး မျှော်လင့်ချက်တွေပေးခဲ့ပြီးတော့မှ ရှင့်ရဲ့ နားမလည်နိုင်တဲ့ သဘောထားတွေက နှလုံးသားကို အသာလေး အဆိပ်သင့်စေခဲ့ပြီလား…

No comments:

Post a Comment