"ငါရဲ့ အိမ်ဗိမာန်"
Aung La ရဲ့ "My Home Paradise" ကို ဘာသာပြန်ထားတာပါ။ ခံစားချက်နဲ့ တိုက်ဆိုင်လို့တော့ မဟုတ်ပါဘူး။ ဒီသီချင်းကိုကြိုက်တဲ့ ပရိသတ်ကြီး အတွက်ပါ။ လက်ဆောင်ပေါ့ ;)
ပြန်လာဖို့ အရမ်းနောက်ကျတယ်ဆိုတာ မရှိပါဘူး
အဲဒါကလဲ ပြီးဆုံးသွားမယ့် နောက်ထပ်အရာတစ်ခုပါပဲ
မင်းရင်ထဲက ခံစားချက်တွေကို ငါမြင်နိုင်ပါတယ်
ငါမလုပ်နိုင်တာတွေ အများကြီးရှိတယ် ဒါပေမယ့်
ငါ မင်းနဲ့ အတူရှိနေချင်တယ်
ငါက ရူးနေပါပြီလို့ မင်း ငါ့ကိုပြောလိုက်တဲ့အခါ
ဘာမှမမြင်နိုင်တဲ့ လူတစ်ယောက်လိုပဲလို့ ငါခံစားလိုက်ရတယ်
မင်း ငါ့နှလုံးသားကို စိုးမိုးထားတာ ဖြစ်နိုင်ပါတယ်…..
နောက်ပြီး တစ်စစီဖြစ်သွားအောင်လဲ ဖျက်စီးပစ်လိုက်ပါ
မင်းကို မြှင့်တင်ဖို့အတွက် ငါ့ကိုယ်ငါ အရှုံးခံမယ်
အဲဒါက ငါနဲ့ ထိုက်တန်တာကို ငါရရှိတာပါပဲ
ငါရဲ့ အိမ်မက်တွေနဲ့ သွေးကြောတွေထဲမှာ
မင်းဟာ တစ်ယောက်တည်းသောသူအဖြစ် အခုထိရှိနေဆဲပါ
မင်းကိုအိမ်ပြန်ခေါ်ဖို့အတွက် ငါရဲ့ ကိုယ်ပိုင်ဗိမာန်လေးကို
ငါတည်ဆောက်နေတယ်
တစ်ခါတစ်လေမှာ အရာရာဟာ အရမ်းကို ထူးဆန်းနေတယ်
တစ်ခါတစ်လေကျတော့လဲ လုံခြုံတဲ့နေရာဆိုတာ မရှိတော့သလိုပဲ
ငါသိပါတယ် ငါဖြတ်သန်းနေတဲ့ နေ့တွေ၊ ညတွေဟာ
ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးဆိုတာ
ငါမလုပ်နိုင်တာတွေ အများကြီးရှိတယ် ဒါပေမယ့်
ငါ မင်းနဲ့ အတူရှိနေချင်တယ်
ငါလိုအပ်တာက နောက်တစ်ခါ ကြိုးစားခွင့် တစ်ခုပါ
ဘာမှမမြင်နိုင်တဲ့ လူတစ်ယောက်လိုပဲလို့ ငါခံစားနေရတယ်
မင်း ငါ့နှလုံးသားကို စိုးမိုးထားတာ ဖြစ်နိုင်ပါတယ်…..
နောက်ပြီး တစ်စစီဖြစ်သွားအောင်လဲ ဖျက်စီးပစ်လိုက်ပါ
မင်းကို မြှင့်တင်ဖို့အတွက် ငါ့ကိုယ်ငါ အရှုံးခံမယ်
အဲဒါက ငါနဲ့ ထိုက်တန်တာကို ငါရရှိတာပါပဲ
ငါရဲ့ အိမ်မက်တွေနဲ့
သွေးကြောတွေထဲမှာ
မင်းဟာ တစ်ယောက်တည်းသောသူအဖြစ် အခုထိရှိနေဆဲပါ
မင်းကိုအိမ်ပြန်ခေါ်ဖို့အတွက် ငါရဲ့ ကိုယ်ပိုင်ဗိမာန်လေးကို
ငါတည်ဆောက်နေပါတယ်
ငါ့ကိုယ်ငါ ထိန်းချုပ်မှုတွေ မဲ့နေခဲ့ပြီ
ငါ့ရဲ့ အမြင်တွေလဲ ဆုံးရှုံးခဲ့ရပြီ
ငါ့ရဲ့ ဂုဏ်သိက္ခာတွေလဲ ကျဆုံးကုန်ပြီ
ငါ့ရဲ့ အနှစ်သာရမရှိတော့တဲ့ အသက်ရှူသံတွေကို
ငါပြန်ယူဖို့အတွက်….
အခု မင်း ငါ့နှလုံးသားကို စိုးမိုးထားပါ…..
နောက်ပြီး တစ်စစီဖြစ်သွားအောင်လဲ ဖျက်စီးပစ်လိုက်ပါ
မင်းကို မြှင့်တင်ဖို့အတွက် ငါ့ကိုယ်ငါ အရှုံးခံမယ်
အဲဒါက ငါနဲ့ ထိုက်တန်တာကို ငါရရှိတာပါပဲ
ငါရဲ့ အိမ်မက်တွေနဲ့
သွေးကြောတွေထဲမှာ
မင်းဟာ တစ်ယောက်တည်းသောသူအဖြစ် အခုထိရှိနေဆဲပါ
မင်းကိုအိမ်ပြန်ခေါ်ဖို့အတွက် ငါရဲ့ ကိုယ်ပိုင်ဗိမာန်လေးကို
ငါတည်ဆောက်နေပါတယ်

This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျွန်တော် ဒီသီချင်းလေးကို အရမ်းကြိုက်ပါတယ် ။ ဘာသာပြန်ထားတာလဲ ဖတ်လို့ကောင်းပါတယ် ။ ဒီထဲမှာ အကြိုက်ဆုံးက "There's a lot that I can't do, but I wanna be with you" ဆိုတဲ့စာသားလေးပါ . . . :)
ReplyDelete