နှစ်သိမ့်မှုပေးနိုင်မယ်ထင်လို့.....
Celine Dion ရဲ့ "That's The Way It Is" ဆိုတဲ့ သီချင်းလေးကို ကျွန်မစကားနဲ့ ကျွန်မနားလည်သလို ဘာသာပြန်ထားတာပါ။ တစ်စုံတစ်ယောက်ကို အားပေးချင်တဲ့ စိတ်လေးပေါ်လာလို့ တင်လိုက်တာပါ။ ကဗျာမဆန်ပေမယ့် ဖတ်ကြည့်ပြီး အားရှိသွားတယ် ဆိုရင်ပဲ ကျွန်မကျေနပ်ပါပြီ။ :)
ငါမင်းရဲ့စိတ်ကိုဖတ်နိုင်တယ် ပြီးတော့ မင်းရဲ့ပုံပြင်ဇာတ်လမ်းတွေကိုလဲ
ငါသိတယ်
နောက်ပြီး မင်းဘယ်လိုတွေ ဖြတ်သန်းနေရတယ်ဆိုတာလဲ
ငါမြင်နေရတယ်
အဲဒါကမတ်စောက်တဲ့ တောင်ကိုတက်နေရသလိုပဲ
ငါစိတ်မကောင်းပါဘူး
ဒါပေမယ့် ငါသိပါတယ်
အဲဒီ့အရာက မင်းဆီကို ရောက်လာမှာပါ
လက်နက်ချ အရှုံးမပေးလိုက်ပါနဲ့
ဘာဖြစ်လို့လဲဆို မင်းမှာအောင်မြင်နိုင်တဲ့အခြေအနေရှိနေလို့ပါ
အဲဒီ့အရာကို "အချစ်"လို့ခေါ်တယ်…..
မင်း "အချစ်" ကို အရမ်းလိုချင်နေတဲ့အခါ
လွယ်ကူတဲ့ဖြတ်လမ်းမရှိပါဘူး
မင်းသွားဖို့အဆင်သင့်ဖြစ်တဲ့အခါ မင်းနှလုံးသားက
သံသရတွေနဲ့ကျန်နေခဲ့လိမ့်မယ်
မင်းရဲ့ယုံကြည်မှုကို မင်းလက်လွှတ်မခံပါနဲ့
"အချစ်" ကယုံကြည်တဲ့သူတွေဆီကို လာပါတယ်
အဲဒါကတော့ "အချစ်" ရဲ့ပုံသေနည်းတစ်ခုပါပဲ…..
မင်း ငါ့ကို ရိုးရှင်းတဲ့ အဖြေအတွက် မေးခွန်းထုတ်လာတုန်းက
ငါဘာဖြေရမလဲ တကယ်ကိုမသိဘူး။
အကယ်၍ငါတို့ နှစ်ယောက် အတူတကွရှိနေရင် အဲဒါကို
ရှင်းရှင်းလေးမြင်တွေ့ရမှာပါ
မင်းအဲဒီ့လမ်းကို ရှာတွေ့မှာပါ
ဒါကြောင့် လက်နက်ချ အရှုံးမပေးလိုက်ပါနဲ့ ဘာဖြစ်လို့လဲဆို
မင်းမှာအောင်မြင်နိုင်တဲ့အခြေအနေရှိလို့ပါ
အဲ့ဒါကို "အချစ်"လို့ခေါ်တယ်…..
မင်း "အချစ်" ကို အရမ်းလိုချင်နေတဲ့အခါ
လွယ်ကူတဲ့ဖြတ်လမ်းမရှိပါဘူး
မင်းသွားဖို့အဆင်သင့်ဖြစ်တဲ့အခါ မင်းနှလုံးသားက
သံသရတွေနဲ့ကျန်နေခဲ့လိမ့်မယ်
မင်းရဲ့ယုံကြည်မှုကို မင်းအဆုံးရှုံးမခံပါနဲ့
"အချစ်" ကယုံကြည်တဲ့သူတွေဆီကို လာပါတယ်
အဲဒါကတော့ "အချစ်" ရဲ့ပုံသေနည်းတစ်ခုပါပဲ…..
ဘဝက ဘာမှမရှိဘဲ လစ်ဟာနေပြီး မနက်ဖြန်လည်း မရှိတဲ့အခါ
"တစ်ယောက်တည်း" လို့ မင်းကိုစပြီးခေါ်ကြပြီ
အချစ်ရယ် စိတ်မပူပါနဲ့
မင်းရဲ့ ဝမ်းနည်းမှုတွေကို မေ့ထားလိုက်ပါ
ဘာဖြစ်လို့လဲဆို
"အချစ်" ကအရာရာကို အောင်နိုင်စေမှာမို့လို့ပါ…
မင်းရဲ့ယုံကြည်မှုကို မင်းအရှုံးမပေးပါနဲ့
"အချစ်" ကယုံကြည်တဲ့သူတွေဆီကို လာပါတယ်

No comments:
Post a Comment