"ကြည်ဖြူစွာ ကျရှုံးခြင်း"
အတ္တနဲ့ ရှင်သန်
အတ္တနဲ့ ရှင်သန်
မျှော်လင့်ခြင်းနဲ့
အသက်ရှင်
သိပ်ပျော်ရွှင်တတ်တဲ့
တို့လေ
မင်းရှေ့ကျမှ
ကျရှုံးသွားတာ…..
မရေရာတဲ့ အတွေး
အိပ်မရတဲ့
စိတ္တဇညတွေနဲ့
နေ့နေ့ညည ငေးမောတွေဝေစေတာ
အဲဒီ့အတွက်
ကျေနပ်ဆဲပါ။
တကယ်ပါ ချစ်သူ
မင်းအချစ်မှာ
အကြိမ်ကြိမ်
ကျရှုံးချင်တယ်…..
အတ္တတွေ သိမ်းခေါက်ထုတ်ပိုးပြီး
ဘဝရဲ့ ခရီးဖော်အဖြစ်
လိုက်ပါဖို့
အသင့်ဖြစ်ခဲ့ပြီ။
ပြောပါ ချစ်သူ…..
အဲဒီ့နေ့ဟာ
ဘယ်တော့လဲ?
ဝန်ခံချက်။ ။ ဖိတ်စာတစ်ခုရဲ့
နောက်ကျောမှာ ပါလာတဲ့ ကဗျာလေးပါ။ ကျွန်မကြိုက်နှစ်သက်လို့ ရေးပြီးတင်လိုက်တာပါ။ Facebook မှာလည်း တင်ထားပါတယ်။ ကျွန်မ ဒီကဗျာလေး ကိုတွေ့ရှိခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုမှ ခံစားချက်နဲ့ တိုက်ဆိုင်သွားလို့ တင်လိုက်ခြင်းဖြစ်ပါတယ်။
No comments:
Post a Comment