"နှလုံးသားနဲ့လူ"
အမြင့်ကိုမတက်ဖူးတော့
အမြင့်ကကျတဲ့ဝေဒနာလည်း
မခံစားခဲ့ရဖူးဘူးပေါ့။
ဝိုင်းပြီးသနားတဲ့
မျက်လုံးတွေလား
ဝိုင်းပြီးလှောင်ပြောင်တဲ့
အပြုံးတွေလား
သရုပ်မခွဲအားခဲ့
အမည်ဖော်မနေခဲ့တော့။
လမ်းလျှောက်နေတဲ့သူပါ
ခလုတ်တိုက်၊မှောက်လဲ၊ဒူးကွဲ
အသေးစား
အနာတရတော့ မကြာခဏပဲပေါ့။
သူရဲဘောကြောင်
မရိုးသားတဲ့စိတ်နဲ့
နောက်ကျောကို
တိတ်တိတ်ကလေး
ဓားနဲ့ထိုးဦးတော့
နှလုံးသားကို
မထိရင် ကျေနပ်တဲ့သူပါ။
ဝန်ခံချက်။ ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်လည် အသက်သွင်းထားတာပါ။ အားပေးပါဦး။
တကယ်တမ်းချစ်မိတော့... ရှေ့တည့်တည့်ကနေ နှလုံးသားတည့်တည့်ကို ဓါးနဲ့ထိုးသလိုဖြစ်နေတာတောင်... ကြိတ်ပြီး ခံစားတတ်ကြပါတယ်....
ReplyDeleteအားပေးလျှက်ပါ...
အစ်မရေ...အားပေးတဲ့အတွက် ကျေးဇူးပါ။ ညီမကိုအဲလိုအားပေးမှုပေးတာဆိုလို့ အစ်မတစ်ယောက်ပဲ ရှိသေးတယ်။း)
Delete