"ဖေဖေနဲ့ မေမေ"
ဖေဖေနဲ့မေမေရယ်…
ဖေဖေနဲ့မေမေရယ်…
သူဟာလည်း လူသားတစ်ယောက်ပါ
သမီးတို့လို
နှလုံးသားရှိတယ်
တခြားသူတွေလိုပဲ
ခံစားတတ်ပါတယ်။
ဖေဖေရယ်…
သူက ပြည်သူတွေအတွက်
ရပ်တည်ပေးခဲ့တဲ့
သာမာန်လူတစ်ယောက်ပါ။
မေမေရယ်…
သူက ပြည်သူတွေကို
ဘေးက ကူညီပေးခဲ့တဲ့
သာမာန်လူတစ်ယောက်ပါ။
သူဟာ…
ပြည်သူလူထုရဲ့
သူရဲကောင်းဖြစ်နေပေမယ့်
သမီးအတွက်ကတော့
သာမာန်ယောက်ျားလေးတစ်ယောက်ပါ။
တခြားလူတွေက
သူ့ကို….
ဘယ်လိုပဲမြင်ပါစေ
သမီးကတော့
သူ့ကို…
သမီးချစ်ရတဲ့
သူတစ်ယောက်လို့ပဲ
မြင်တော့တယ်…
ကဗျာလေး ဖတ်ပြီး...တခုခုကိုနားလည်ခံစားမိသလိုပဲ... ဘာလဲတော့ ရှင်းမပြတတ်ဘူး.. အချိန်တန်ရင် မိဘဆိုတာ သားသမီးရဲ့စိတ်ခံစားမှုကို နားလည်လာမှာပါ...
ReplyDelete