"တန်ရာတန်ကြေး"
မင်းအပေါ်မှာ
ကိုယ်က
အမှားတစ်ခု
လုပ်ခဲ့မိတယ်။
မင်းကနားလည်မှုနဲ့
မေ့ပစ်လိမ့်မယ်
ထင်ခဲ့ပေမယ့်...
မင်းကိုယ့်အပေါ်ကို
အမှားတစ်ခု
ပြန်လုပ်ခဲ့တယ်။
အဲဒါက
မင်းအတွက်
အမှတ်တရတစ်ခုဖြစ်နေအောင်လား?
ဒါပေမယ့်.....
မင်းပြောတော့
ကလဲ့စားချေတာတဲ့
မင်းဘယ်လိုပဲ
ပြောပြောပါ
ကိုယ်ပြောချင်တာကတော့
မင်း
တန်ရာတန်ကြေးပဲ
ပြန်ယူသင့်တာပေါ့.....
No comments:
Post a Comment