"မသဲကွဲဘူး"
မသဲကွဲဘူး
ကိုယ်နာမည်ရဖို့အတွက်
လုပ်နေတာလား
ကိုယ့်ပတ်ဝန်းကျင်အတွက်
လုပ်ပေးနေတာလား
မသဲကွဲဘူး။
ကိုယ်ဂုဏ်တက်ဖို့အတွက်
လုပ်နေတာလား
ကိုယ့်ဆွေမျိုးသားချင်းတွေအတွက်
လုပ်ပေးနေတာလား
မသဲကွဲဘူး။
ကိုယ်ကောင်းစားဖို့အတွက်
လုပ်နေတာလား
ကိုယ့်လူမျိုးတွေ
ကောင်းစားဖို့အတွက် လုပ်ပေးနေတာလား
မသဲကွဲဘူး။
ကိုယ်နေရာရဖို့အတွက်
လုပ်နေတာလား
ကိုယ့်နိုင်ငံ
ရပ်တည်နိုင်ဖို့အတွက် လုပ်ပေးနေတလား
မသဲကွဲဘူး…
ဘယ်တော့မှ
မသဲကွဲခဲ့ဘူး…
တခါတလေမှာ
ကိုယ်ကျိုးအတွက်
လူမျိုးရေးက
ခေါင်းစဉ်တပ်ခံရသလို
တခါတလေမှာ
ဘာသာရေးက
ခုတုံးလုပ်ခံရတယ်။
များသောအားဖြင့်တော့
နေရာယူချင်၊
နေရာလိုချင်တဲ့ လူတွေကြောင့်
နိုင်ငံ
ဟာ ခဏခဏ စတေးတာခံရတယ်။
(27.July.2016)
No comments:
Post a Comment