"အာရုံ (၅) ပါး"
ခင်ဗျား…
လှပတဲ့ ပုံရိပ်တွေမှာ
နစ်ဝင်ကပ်ငြိနေပြီလား…
ဒါဟာ ရိုးရှင်းတဲ့ နိယာမတစ်ခုဆိုပေမယ့်
တကယ်က ခင်ဗျား အဲဒီ့ အတွေ့ပုံရိပ်မှာ
ချစ်ကျွမ်းဝင်နေတာပါ။
ခင်ဗျား…
သာယာညိမ့်ညောင်းတဲ့ အသံတွေကို
တမ်းတလွမ်းဆွတ်နေမိပြီလား…
ဒါဟာ အေးချမ်းမှု ရသတစ်ခုဆိုပေမယ့်
တကယ်က ခင်ဗျား အဲဒီ့ အသံတွေကို
ချစ်မြတ်နိုးနေတာပါ။
ခင်ဗျား…
နူးညံ့တဲ့ ထိတွေ့မှုတွေမှာ
သာယာနေပြီလား…
ဒါဟာ ပုံမှန်စွဲလမ်းမှုတစ်ခုဆိုပေမယ့်
တကယ်က ခင်ဗျား အဲဒီ့အထိအတွေ့တွေကို
ချစ်နေတာပါ။
ခင်ဗျား…
မွှေးကြိုင်တဲ့ အနံ့တစ်ခုကို
ပင့်သက်တွေတိုင်းမှာ ရှူရှိုက်ချင်နေမိပြီလား…
ဒါဟာ ဓမ္မတာသဘောတရားတစ်ခုဆိုပေမယ့်
တကယ်က ခင်ဗျား အဲဒီ့ အနံ့တစ်ခုမှာ
ချစ်သက်ဝင်နေမိတာ…
ခင်ဗျား…
ချိုမြိန်တဲ့ အရသာတစ်ခုမှာ
ကပ်တွယ်စွဲငြိနေပြီလား…
ဒါဟာ သွေးရိုးသားရိုး စွဲလမ်းမှုတစ်ခုဆိုပေမယ့်
တကယ်က ခင်ဗျား အဲဒီ့ အရသာကို
ချစ်စိတ်ဝင်နေမိတာ…
ခင်ဗျားရဲ့…
အာရုံ (၅) ပါးကို
တစ်စုံတစ်ခု (သို့) တစ်စုံတစ်ယောက်ကများ
အစဉ် လွှမ်းမိုးနေပြီလား။
ဒါဆို ခင်ဗျားမှာ…
ခင်ဗျားမသိတဲ့
ချစ်ခြင်းတရားတွေ ရှိနေပြီ။
No comments:
Post a Comment