Friday, July 18, 2014

ပြီးဆုံးခြင်း



"ပြီးဆုံးခြင်း"

ကော်ဖီတစ်ခွက်နဲ့ ဖြတ်သန်းခဲ့တဲ့
ကျွန်တော့ရဲ့ ညတွေမှာ
အတိတ်က သူ့အရိပ်တွေက
ခြောက်လှန့်ခြင်းတွေနဲ့ ပြည့်နှက်လို့…

Vodka တစ်ခွက်ကြောင့်
သူ့ရဲ့ ပူရှရှ အနမ်းတွေ
ကျွန်တော့ရဲ့ ဘယ်ဘက်ရင်အုံကို
လောင်မြိုက်စေခဲ့တယ်။

အတိုင်းအတာမရှိ
အလျားအနံမရှိတဲ့
သူ့ရဲ့ မာနနဲ့ အတ္တတွေက
ပမာဏမရှိ
ထုထည်မရှိတဲ့
ကျွန်တော့ရဲ့ သစ္စာနဲ့ မေတ္တာတရားတွေကို
ဝါးမျိုရင်း…

ကျွန်တော့ရဲ့ နောက်ဆုံး ထွက်သက်အတွက်
သူ… ကျွန်တော့ကို
ပြုံးရယ်ပြတယ်။ 

No comments:

Post a Comment