"နောင်တ"
ပြောသင့်တယ်လို့
ထင်တာတွေကို
ပြောပြီးသွားပြီလား…
လုပ်သင့်တယ်လို့
ထင်တာတွေကိုကော
လုပ်ပြီးသွားပြီလား…
လုပ်ချင်တာတွေကော…
ပြောချင်တာတွေကိုကော…
ပြောပြီး၊
လုပ်ပြီးပြီလား…
နောက်နောင်မှ
မလုပ်လိုက်ရလို့ ဝမ်းနည်း
ပူဆွေးမနေစေချင်ဘူး။
လုပ်သင့်တဲ့အရာတွေကို
လုပ်ချင်တာတွေဖြစ်အောင်
ပြောင်းလဲပါ။
ပြောသင့်တဲ့စကားတွေကို
ပြောချင်တာတွေဖြစ်အောင်
လုပ်ယူပါ။
ဘယ်အရာမှမတည်မြဲတဲ့
ခဏတာအချိန်လေးအတွင်းမှာ
မလုပ်လိုက်ရ၊
မပြောလိုက်ရမဖြစ်ရလေအောင်…
ဒီနေ့ စလုပ်လိုက်ပါ။
ဒီနေ့ စပြောလိုက်ပါ။
နောက်မှ နောင်တ
ရမနေပါနဲ့။
No comments:
Post a Comment