Tuesday, November 5, 2013

အပြင်လူ



"အပြင်လူ"

မကြားချင်ဘဲ ကြားနေရတဲ့
မင်းရဲ့အကြောင်းတွေ…

မင်းသူငယ်ချင်းတွေရဲ့
တီးတိုးပြောနေသံတွေက
မင်းအကြောင်းတွေ

မင်းရဲ့ ညီ ပျင်းရင် ရေရွတ်မိတာက
မင်းအကြောင်းတွေ

မင်းအမေရဲ့ ငိုသံတွေက
မင်းအကြောင်းတွေ အပ်ကြောင်းထပ်နေခဲ့

မင်းအဖေရဲ့ အပြုံးနောက်ကွယ်က
မင်းကိုစိုးရိမ်ပူပန်မှုတွေ

မင်းသိရဲ့လား…
မင်းမမြင်နိုင်တဲ့ မင်းမိသားစုရဲ့
ပူပန်စိုးထိတ်မှုတွေကို
ငါ မြင်နေရတယ်… ငါ ကြားနေရတယ်…
ငါ ခံစားနေရတယ်။

ဒီဘယ်ဘက်ရင်အုံကို
လာလာရိုက်တဲ့
ပဲ့တင်သံတွေက
ငါ့ကို အကူအညီတောင်းနေပေမယ့်…

ငါ့ ဦးနှောက်ရဲ့ အသိစိတ်ကို
တံခါးလာခေါက်နေတဲ့
ငိုသံတွေပြောနေတာက…
ငါဟာ အပြင်လူ တစ်ယောက်သာ။

No comments:

Post a Comment