Wednesday, October 9, 2013

သူမှအခြား…



"သူမှအခြား…"

မိနဲ့ဘလို ဂရုစိုက်မှုတွေ
အပြည့်ပေးနိုင်သူ
သူငယ်ချင်းတွေလို
နားလည်မှုတွေနဲ့
တည့်ခင်းဧည့်ခံနိုင်သူ
ချစ်သူရည်းစားတွေလို
သစ္စာရှိမှုတွေနဲ့
မွမ်းမံနိုင်သူ
မိတ်ဆွေကောင်းတွေလို
ယုံကြည်မှုတွေ
တည်ဆောက်နိုင်သူ…

သူဟာ… မေတ္တာတရားကို
အနက်အဓိပ္ပါယ်မျိုးစုံနှင့်
ဖွင့်ဟပြောပြခဲ့တယ်။
သူဟာ… သံယောဇဉ်ကို
သဘောတရားမျိုးစုံနဲ့
အလှဆင်ခဲ့တယ်။
သူဟာ… အချစ်ဆိုတဲ့
အရသာကို
ကျွေးမွေးခဲ့တယ်။
သူဟာ… ခင်မင်မှုရဲ့
အနှစ်သာရကို
မြည်းစမ်းစေခဲ့တယ်။

သူဟာ… အရောင်အသွေး
စုံလင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
လူရယ်လို့ ဖြစ်တည်နေခဲ့တယ်...

သူ့လောက် ချစ်ခြင်းမေတ္တာတွေနဲ့
ပြည့်စုံနေတဲ့လူ
ကမ္ဘာမှာ သူမှအခြား ရှိတော့မည်မဟုတ်..

အခုကဗျာသည် “အချစ်မရှိတော့သည့် လူသား” ဟု သူ့ကိုယ်သူ သတ်မှတ်နေသည့် တစ်ယောက်အတွက် ရည်ရွယ်ရေးသားပါသည်။

No comments:

Post a Comment