"မိုးရွာချိန်"
ဒီမိုးရွာချိန်တွေက
တစ်နှစ်တစ်ခါ
ပုံမှန်ရွာတဲ့မိုးမဟုတ်
မြန်မာပြည်ရဲ့
အတိတ်ထဲက
မိုးရွာချိန်တွေ…
ခုနှစ်၊
သက္ကရာဇ်တွေ ပြောင်းလဲခဲ့ပေမယ့်၊
မူဝါဒတွေ
ပြောင်းလဲခဲ့ပေမယ့်၊
လူတွေ၊
လူတွေ ပြောင်းလဲခဲ့ပေမယ့်
မိုးရွာချိန်တွေ
မပြောင်းလဲခဲ့ဘူး။
မိုးရွာချိန်တွေတိုင်း
မြေခခဲ့ရတဲ့
မျက်ရည်တွေ
မိုးရွာချိန်တွေတိုင်း
ကျခဲ့ရတဲ့
သွေးတွေ
ပေတရာလမ်းတွေပေါ်မှာ
တစ်ချို့
တစ်ချို့
မိုးရေတွေနဲ့
ရောနှောသွားတယ်။
တစ်ချို့ကတော့
လမ်းပေါ်တင်ကျန်နေခဲ့တယ်။
လမ်းပေါ်ကမျက်ရည်တွေကို
ဖုံးကွယ်ဖို့အတွက်
ပေတရာလမ်းတွေကို
အထပ်ထပ် ပြုပြင်ကြတယ်။
လမ်းပေါ်ကသွေးကွက်တွေကို
ဖျောက်ဖျက်ဖို့အတွက်
ပေတရာလမ်းတွေကို
ကွန်ကရစ် ခင်းကြတယ်။
မြန်မာပြည်ရဲ့
အတိတ်က
မိုးရွာချိန်တွေက
ပြည်သူတွေအတွက်
ဆေးခါးတစ်ခွက်၊
ပြည်သူတွေအတွက်
အိမ်မက်ဆိုးတစ်ခု
နာကျင်မှုတွေ
ပြည့်နှက်နေတဲ့ မိုးရွာချိန်တွေကို
ပစ္စုပ္ပန်နဲ့
အနာဂတ်တွေမှာ
မပိုင်ဆိုင်ရဖို့အတွက်
အတိတ်က
မိုးရွာချိန်တွေအကြောင်း
စာရေးကြတယ်။
အိပ်ယာဝင်ပုံပြင်တွေအနေနဲ့
လက်ဆင့်ကမ်းကြတယ်။
ခေတ်ရဲ့လူငယ်တွေ
သိသင့်တဲ့
မြန်မာပြည်ရဲ့
အတိတ်
မိုးရွာချိန်တွေအကြောင်းကို
မပြဌာန်းထားတဲ့
သမိုင်းစာအုပ်တွေထဲ
ကိုယ်က
လေ့လာကြည့်မိတော့
မိုးရေကနေ
ရေခိုးရေငွေ့အဖြစ်နဲ့
ကောင်းကင်ကို
ပျံတက်သွားတဲ့
စိုစွတ်နေတဲ့
လေထုထဲမှာ
မရေမတွက်နိုင်တဲ့
အသက်ဝိညာဉ်တွေ
ကပ်ပါသွားတယ်။
မိုးရွာချိန်တွင်
ကျဆုံးခဲ့သော ပြည်သူများအား အလေးပြုဦးညွတ်လျက်…
No comments:
Post a Comment