Thursday, August 1, 2013

ဆူး

"ဆူး"


နှလုံးသားကို
လာစိုက်တဲ့ ဆူး
တစ်ချက်ခုန်လိုက်တိုင်း
နစ်ဝင်သွားတယ်။

လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေနဲ့
နစ်ဝင်သွားတယ်။

ကိုယ်က ပြန်နုတ်ယူဖို့
မကြိုးစားတော့ဘဲ
နစ်ဝင်နေတဲ့ ဆူးဒဏ်ရာကို
ငုံ့ကြည့်မိတော့…

အဲဒီ့နာကျင်မှုက
ကိုယ့်ကို လှောင်ရယ်နေတယ်။

No comments:

Post a Comment