Tuesday, June 4, 2013

တစ်ချိန်က



"တစ်ချိန်က"

တစ်ချိန်က ငါ့ အကြောင်းတွေးရင်
ခေါင်းကိုက်တတ်လာတယ်ဆို…
တစ်ချိန်က ဘယ်ကိုပဲကြည့်ကြည့်
ငါ့ ပုံရိပ်တွေပဲ မြင်နေမိတယ်ဆို…
တစ်ချိန်က မင်း အမြဲရွတ်ဆိုနေမိတာက
ငါ့ နာမည်လေးဆို…
တစ်ချိန်က ဘယ်သံစဉ်ကိုပဲနားထောင်
ငါ့ ရဲ့ချိုမြတဲ့ အသံတွေပဲ ကြားနေမိတယ်ဆို…
တစ်ချိန်က ထူးခြားတဲ့ အပြုံးတွေပြည့်နှက်နေတဲ့
ငါ့ ပါးမို့မို့လေးတွေကိုပဲ ယုယနေမိတယ်ဆို…
တစ်ချိန်က မင်းရဲ့ ရင်ခွင်ထဲမှာ
ခေတ္တခဏ တိုးဝင်မှေးစက်ခဲ့ဖူးတာ
ငါ တစ်ယောက်ပဲ ရှိတယ်ဆို…
အခုကော…
ဘယ်သူတွေကများ နေရာယူသွားပြီလဲ…. ချစ်သူ


No comments:

Post a Comment