"ငါ သတိရပါတယ်"
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ဘာမှစားစရာမရှိလို့
ခေါက်ဆွဲပြုတ်စားရတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ငါ့ရဲ့လက်ချောင်းလေး
တစ်ခုခုနဲ့ရှမိတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ငါတစ်ယောက်တည်း ဘုရားသွားရတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
သူများဆိုင်ကယ်စီးတာ
ငေးကြည့်မိတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ငါ့ Laptop လေးရဲ့
အရှေ့မှာ ထိုင်မိတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ဆွဲကြိုးလေးတွေနဲ့
နားကပ်လေးတွေကို ဝတ်မိတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
ဘာသာရေးကိစ္စတွေ ဆွေးနွေးကြတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
အငဲရဲ့ တမ်းချင်းတစ်ပုဒ်ကို
နားထောင်မိတဲ့အချိန်
မင်းကို သတိရတယ်
ဘယ်အချိန်လဲဆို…
မင်းရဲ့မွေးရပ်အကြောင်း
ကြားမိတဲ့အချိန်
တစ်ခါတစ်လေပါ။
တစ်ခါတစ်လေပေါ့။
တစ်ခါတစ်လေတော့…
ငါ သတိရပါတယ်။
No comments:
Post a Comment