Saturday, November 3, 2012

အချစ်စစ်

"အချစ်စစ်"


တစ်ချို့လူတွေက အချစ်စစ်ဆိုတာ ဘဝမှာ တစ်ခါပဲရှိတယ်လို့ ယုံကြည်ကြတယ်။ သူတို့တွေရဲ့ အတိတ်မှာ တစ်ခါကြုံဖူးလိုက်တာနဲ့ နောက်ပိုင်း တွေ့လာရတာတွေကို အချစ်စစ်လို့ မသတ်မှတ်ကြတော့ဘူး။ မယုံကြည်ကြတော့ဘူး။ အတုအယောင်တွေလို့ပဲ သူတို့ သတ်မှတ်လိုက်ကြတယ်။ ဟန်ဆောင်အချစ်တွေလို့ပဲ သူတို့ ယူဆလိုက်ကြတယ်။ ဒါပေမယ့်…

(၁) သူတို့မသိကြတာက အဲလို့အတုအယောင်တွေကြားထဲမှာ တစ်ခါတစ်လေ စစ်မှန်တဲ့ အချစ်တွေ ပုန်းခိုနေတယ်ဆိုတာ…

(၂) သူတို့မသိကြတာက အဲလို့ဟန်ဆောင်မှုတွေကြားထဲမှာ တစ်ခါတစ်လေ သန့်ရှင်းတဲ့ အချစ်တွေ နေရာယူနေတယ်ဆိုတာ…

(၃) သူတို့မသိကြတာက အဲလို့လှည့်ဖျားမှုတွေကြားထဲမှာ တစ်ခါတစ်လေ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတတ်တယ်ဆိုတာ…

ဒါကြောင့်…နောက်ပိုင်း အချစ်ဆိုတာနဲ့ ကြုံတွေ့ရရင်လည်း သေချာခံစားကြည့်ပါ။ ခံစားကြည့်မှ သူ့အချစ်ဟာ အတုအယောင်လား၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလားဆိုတာကို ကိုယ်တိုင်သိမှာပါ။

No comments:

Post a Comment