Saturday, November 3, 2012

သို့လော...သို့လော...

"သို့လော...သို့လော..."


ညနေက သူငယ်ချင်း စုပြည့်နဲ့အတူ ရှိနေတုန်း…

“အားတင်းထားပါဦး…မငိုနဲ့ကွာဆက်ပြီးတော့” ဆိုတဲ့ သီချင်းသံလေးနဲ့အတူ ကျွန်မလက်ထဲက ဖုန်းလေးလှုပ်လာတယ်။

ကြည့်လိုက်တော့ “Call” ဆိုတာကလွဲလို့ ဘာနံပါတ်မှမပေါ်ဘူး။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ သေချာနေတာကတော့ နိုင်ငံခြားကခေါ်တဲ့ဖုန်းပဲ။ ကျွန်မဆီကို နိုင်ငံခြားကနေ ဖုန်းခေါ်တဲ့သူတွေက များသောအားဖြင့် ဆွေမျိုးတွေပါ။ တစ်ခါတစ်လေမှသာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက်က ဖုန်းဆက်တယ်။ သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်တွေကလည်း ဖုန်းထဲမှာ သိမ်းထားတော့ ဒါသူငယ်ချင်းနှစ်ယောက်ဆီက မဟုတ်မှန်းသိတယ်။ အမျိုးတွေကလည်း များသောအားဖြင့် မနက်စောစောပဲ ဆက်လေ့ရှိကြတာပါ။ ဒီတော့ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားနေမယ့်အစား ကိုင်လိုက်တာပဲကောင်းပါတယ်ဆိုတဲ့ အတွေးနဲ့ answer ခလုတ်ကိုနှိုပ်လိုက်တယ်။

“ဟဲလို…”

ဟိုဘက်ကလဲ… 
“ဟဲလို…ဘေဘီဂျေးလား။ အခုဘယ်မှာလဲဟင်” လို့မေးလာတော့…

“ဟုတ်ပါတယ်… ဒါနဲ့ အခုပြောနေတာ ဘယ်သူပါလဲ” 
လို့ ကျွန်မလည်းပြန်မေးလိုက်တယ်။

တကယ်တော့ ဒီအသံနဲ့ ကျွန်မဝေးကွာနေတာ ကြာပြီလို့ ဝန်ခံပါတယ်။ သူ့ဘက်က ပြောတဲ့စကားတွေကို နားထောင်နေတယ်ဆိုတာထက် သူ့အသံကို ဖမ်းဖို့ကြိုးစားနေတယ်ဆိုရင် ပိုပြီးတော့တောင် မှန်နေပါဦးမယ်။ ကျွန်မ အဲဒီ့အသံပိုင်ရှင်နဲ့ ရင်းနှီးတာ ဟုတ်ကောဟုတ်ရဲ့လားလို့ ပြန်စဉ်းစားမိတယ်။ တစ်ချိန်တည်းမှာပဲ စိတ်တွေလုံးဝ ရှုပ်ထွေးနေတာတော့ သေချာပါတယ်။
သူ့အသံကို မမှတ်မိတဲ့ ကျွန်မ နည်းနည်းတော့ အားမလို အားမရဖြစ်မိတယ်။ ဒါလေးတောင် မသိရကောင်းလားဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်။ နောက်ဆုံးတော့ သူကိုယ်တိုင် ဖွင့်ပြောရတဲ့အထိကို ကျွန်မ အကဲခတ်ညံ့ခဲ့ပါတယ်။ အဲဒီ့အတွက်လည်း တောင်းပန်ပါတယ်။ 

ကျွန်မဆီကို ဖုန်းဆက်လိမ့်မယ်လို့ တကယ်ကို မထင်ထား၊ မတွေးထား၊ မမျှော်လင့်ထား ခဲ့ဖူးလို့ပါ။

No comments:

Post a Comment