"စိတ်ထဲကမှ ဟုတ်ရဲ့လား"
လူတော်တော်များများက
ငါ့ကိုဒီစကားပြောခဲ့ကြပေမယ့်
ဘယ်တော့မှမမေ့နိုင်တာက
မင်းဆီက ကြားရတဲ့စကား။
လူတော်တော်များများက ငါ့ကိုနွေးနွေးထွေးထွေးထားခဲ့ကြပေမယ့်
ဘယ်တော့မှမမေ့နိုင်တာက မင်းရဲ့ နွေးထွေးတဲ့ ရင်ခွင်။
လူတော်တော်များများက ငါ့ကိုဂရုစိုက်ခဲ့ကြပေမယ့်
ဘယ်တော့မှမမေ့နိုင်တာက မင်းရဲ့ ဂရုစိုက်မှုအပြည့်နဲ့ နှလုံးသား။
ဒါပေမယ့်...ငါက လူတော်တော်များများကို မယုံကြည်ခဲ့ဘဲ မင်းတစ်ယောက်တည်းကို ယုံကြည်ခဲ့တယ်။
ငါယုံကြည်ခဲ့တဲ့ သူကပဲ ငါ့ကို ပုံပြင်တွေပြောပြသွားတယ်နော်။
တကယ်ပါ...ဒီနေ့အထိ ငါမယုံကြည်နိုင်တာက မင်းနှုတ်ခမ်းကပြောသွားတဲ့ စကားလေးတစ်ခွန်းက မင်းစိတ်ထဲကလာတဲ့ စကားလေးတစ်ခွန်းကော ဟုတ်ရဲ့လားလို့။
No comments:
Post a Comment