Saturday, November 3, 2012

ပိုင်သည် ဆိုင်သည်



"ပိုင်သည် ဆိုင်သည်"


တကယ်တော့ လူ့ဘဝမှာ
“ပိုင်ဆိုင်တယ်”
ဆိုတဲ့စကားလုံး မရှိပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်
သူငယ်ချင်းဖြစ်ကြတယ်။
ဒါပေမယ့် ကိုယ် သူ့ကို မပိုင်ဆိုင်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်
သမီးရည်းစားဖြစ်ကြတယ်။
ဒါပေမယ့် ကိုယ် သူ့ကို မပိုင်ဆိုင်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်
မင်္ဂလာဆောင်ဖြစ်ကြတယ်။
ဒါပေမယ့် ကိုယ် သူ့ကို မပိုင်ဆိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက…
ကိုယ့်ကိုကိုယ်တောင် မပိုင်ဆိုင်ကြလို့ပါ။ 

ခဏတာအတွက်
ဒီရုပ်ခန္ဓာကိုယ်ကြီးကို
ငှားရမ်းသုံးစွဲခဲ့ရတယ်ဆိုတာ
ကိုယ်သေသွားတဲ့တစ်နေ့တော့
သိလာလိမ့်မယ်။ မြင်လာလိမ့်မယ်။

သြော်…လူတွေ…လူတွေ…
ကိုယ်ကိုယ်တိုင်တောင် မပိုင်တာကိုများ
ဘာလို့ တခြားသူတွေကို
ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတာလဲဟင်…

No comments:

Post a Comment