"အဖျားတက်ပြီ"
အတွဲတွေကိုယ်စီနဲ့ ကားပေါ်ကမြင်ကွင်း
အတွဲတွေကိုယ်စီနဲ့ ကျောင်းဝင်းထဲကမြင်ကွင်း
အတွဲတွေကိုယ်စီနဲ့ အခန်းထဲကမြင်ကွင်း
ဒါတွေကို မြင်တွေ့ရတော့ ကိုယ်ပြန်စဉ်းစားမိတာက…
ကိုယ့်ဘေးမှာ မင်း ရှိနေတဲ့အချိန်ကို ကိုယ်လိုချင်မိတာလား။
ကိုယ့်လက်ကို မင်း တွဲကိုင်ထားတာကို ကိုယ်မက်မောမိတာလား။
ကိုယ့်ကို မင်းရင်ခွင်ထဲထည့်ပြီး ထွေးပွေ့ထားတာကို ကိုယ်တမ်းတမိတာလား။
ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။
ဒါပေမယ့်…
သူများတွေ ပျော်ရွှင်နေတဲ့ အချိန်မှာ ကိုယ် ခေါင်းတွေရှုပ်နေတယ်။
သူများတွေ ရယ်မောနေတဲ့ အချိန်မှာ ကိုယ့် စိတ်တွေရှုပ်နေတယ်။
သူများတွေ ကခုန်နေတဲ့ အချိန်မှာ ကိုယ့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး
လေးလံနေတယ်။
သူများတွေ၊ သူများတွေ၊ သူများတွေ ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ကိုယ်နေရာပျောက်နေခဲ့ပြီ။
ခေါင်းစဉ်အောက်မှာ ကိုယ်နေရာပျောက်နေခဲ့ပြီ။
သူများတွေ၊ သူများတွေ၊ သူများတွေ ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ကိုယ်အခြေအနေမဲ့နေခဲ့ပြီ။
သူများတွေ၊ သူများတွေ၊ သူများတွေ ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ကိုယ်………..
ကိုယ်နေမကောင်းဖြစ်နေပြီ။
No comments:
Post a Comment