Monday, June 18, 2012

Blog ခေါင်းစဉ်ပြောင်းလိုက်ခြင်းအပေါ် ဝေမျှခြင်း

"Blog ခေါင်းစဉ်ပြောင်းလိုက်ခြင်းအပေါ် ဝေမျှခြင်း"

ကျွန်မBlogရဲ့ အရင်ကခေါင်းစဉ် "ကျွန်မဧ။် နှလုံးသားဒဏ်ရာများ" ကိုအခု "နှလုံးသား အမှတ်တရများ" လို့ပြောင်းလဲလိုက်ပါပြီ။ ပြောရမယ်ဆိုရင် ခေါင်းစဉ်ကို ပြောင်းတာကောင်းပါ့မလားဆိုပြီး တွေးခဲ့ပါသေးတယ်။
တွေးပြီးတဲ့နောက်မှာပဲ တစ်ခါတည်းပြောင်းလိုက်တာပါ။ တကယ်တော့ ဒီအတွေးကို တစ်စုံတစ်ယောက်က ပိုပြီးပေါ်လွင်သွားအောင် လုပ်ပေးလိုက်တာပါ။


ဒဏ်ရာဆိုတာက အမြဲတမ်း ဒဏ်ရာအနေနဲ့ ကျန်နေခဲ့တတ်တဲ့ အရာတစ်ခုတော့ မဟုတ်ဘူးလေ။ ကျွန်မအရင်က ပြောခဲ့သလိုပဲ ကြာလာတော့ အမာရွတ်ဖြစ်သွားတယ်။ အဲဒီလိုပါပဲ…အချိန်ကပဲ ကြာသွားတာလား ဒါမှမဟုတ် လူကပဲ ဒဏ်ရာတွေအပေါ်မှာ ခံနိုင်ရည်ရှိသွားတာလားတော့ မသိဘူး။ ကျွန်မနှလုံးသားက ဒဏ်ရာတွေကို အမှတ်တရတွေလို့ တင်စားလိုက်ချင်ပါပြီ။ အခုတော့ သူပေးထားတဲ့ အမှတ်တရတွေပေါ့…..


နောက်ပြီး ကျွန်မသိလိုက်ရတာတစ်ခုက "သူ…..ကျွန်မကို ဘယ်တော့မှ ဒဏ်ရာတွေ မပေးတော့ဘူးဆိုတာပါပဲ"

No comments:

Post a Comment