"အရင်က ချာတိတ် အခုတော့....."
အရင်က.....TV ကြည့်ရင် ကြေငြာလာမှ ပြေးကြည့်တတ်တဲ့သူ၊ ကိုရီးယားဇာတ်လမ်း လာမှထကြည့်တတ်တဲ့သူ။
အခု.....TV ကြည့်ရင် မြန်မာ့သတင်းတို့ နိုင်ငံတကာသတင်း တို့ကို စောင့်ပြီး ကြည့်တတ်နေပြီ။
အရင်က.....စာအုပ်တွေ ဘာတွေဖတ်ရင် စုံထောက်ဇာတ်လမ်းနဲ့ ကာတွန်းတွေပဲ ဖတ်တတ်တဲ့သူ။
အခု.....စာအုပ်တို့ စာစောင်တို့ ဖတ်ရင် မြန်မာနိုင်ငံ အကြောင်းတွေကိုပဲ ရွေးပြီးဖတ်တတ်နေပြီ။
အရင်က.....internet သုံးရင် Facebook နဲ့ Gmail လောက်ပဲ သုံးတတ်တဲ့သူ။
အခု.....internet သုံးရင် သတင်းအချက်အလက်တွေကို ရှာပြီး လေ့လာတတ်နေပြီ။
အရင်က.....တစ်ယောက်တည်း အားနေရင် ဂိမ်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ စာရေးလိုက် လုပ်နေတတ်တဲ့သူ။
အခု.....တစ်ယောက်တည်း အားနေရင် Blog စာမျက်နှာတွေပေါ်မှာ စာတွေဖတ်တတ်နေပြီ။
သူက ကျွန်မကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် တွန်းပို့ပေးတာ မဟုတ်သော်လည်း သူကပဲ ကျွန်မကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လမ်းပြပေးခဲ့တာပါ။
ထို့အတွက်ကြောင့် ကျွန်မသူ့ကို ကျေးဇူးတင်စကား ပြောချင်ပါသည်။ သို့သော်..... သူက "ကျေးဇူးတင်တယ်" ဆိုတဲ့စကားက သူ့အတွက် တစ်စိမ်းဆန်သည်ဟု ပြောလာသောကြာင့် သူ့ကို ကျေးဇူးတင်စကားတော့ မပြောတော့ပါ။
ကျွန်မကို လမ်းပြပေးခဲ့တဲ့ ကြယ်လေးကိုတော့ ကျွန်မအနားမှာပဲ အမြဲတမ်း လမ်းပြပေးပါလို့ တောင်းဆိုချင်ပါတယ်။
No comments:
Post a Comment