Monday, June 18, 2012

ငါ့ရဲ့ရွေးချယ်မှု


"Revenge is Sweet but Regret is Bitter"

ကျွန်မရဲ့ အမြင်ကတော့ ကလဲ့စားချေတာဟာ တစ်ခြားသူတစ်ယောက်ကို စိတ်ခံစားရအောင် လုပ်တာဖြစ်တဲ့အတွက် ချိုမြိန်ပါတယ်။ ဒါပေမယ့် နောင်တရတာကတော့ ကိုယ်တိုင်ခံစားရတဲ့ ခံစားမှုဖြစ်နေလို့ ခါးသီးပါတယ်။

အဲဒါကြောင့် မင်း ငါ့ကို ကလဲ့စားချေပြီးမှ မင်းဘာသာမင်း နောင်တရနေမယ့်အစား ငါ့လို မင်းကို လက်လွှတ်လိုက်ရလို့ နောင်တရပြီးမှ ကလဲ့စားချေတာက ပိုမကောင်းဘူးလား?

 မင်းစိတ်ချပါ။ ငါ မင်းကို ကလဲ့စားချေတဲ့အခါ မင်းအလှည့်တုန်းကထက် အဆပေါင်းများစွာ ပိုပြီး
ချိုမြိန်စေမှာပါ။ ;)

ဝန်ခံချက်။   ။ဒီစာကြောင်းလေးက ကျွန်မရဲ့အတိတ်က အတွေ့အကြုံလေးတစ်ခုပါ။ အခုတော့လဲ ပုံပြင်ကောင်းလေး တစ်ပုဒ်တော့ဖြစ်နေပြီ။ နောက်မှ အလျဉ်းသင့်လျှင် အကျယ်တဝင့် ပြောပြပါဦးမည်။

No comments:

Post a Comment