Tuesday, March 25, 2014

မှိုင်းမိနေတဲ့ မြန်မာပြည်



"မှိုင်းမိနေတဲ့ မြန်မာပြည်"

သမ္မတကြီးရဲ့
မိန့်ခွန်းတွေနဲ့
မှိုင်းမိနေလေရဲ့။
ကိုယ်စီကိုယ်စီ
လက်ကိုင်ဖုန်းတွေနဲ့
မှိုင်းမိနေပြန်ရဲ့။

ကားအသစ်တွေ
ကားအဟောင်းတွေနဲ့
မှိုင်းမိနေလေရဲ့။
လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနဲ့
မှိုင်းမိနေပြန်ရဲ့။

ဘာသာရေး၊
လူမျိုးရေးကိစ္စတွေနဲ့
မှိုင်းမိနေလေရဲ့။
မြေသိမ်းမှု၊ လယ်သိမ်းမှု၊
ရှိရှိသမျှကို တပ်ပိုင်လုပ်မှုတွေနဲ့
မှိုင်းမိနေပြန်ရဲ့။

သန်းခေါင်စာရင်းကိစ္စတွေနဲ့
မှိုင်းမိနေလေရဲ့။
လွှတ်တော်ထဲက အမတ်တွေရဲ့
ထင်ရှားတဲ့ စကားတွေနဲ့
မှိုင်းမိနေပြန်ရဲ့။

ခရိုနီတွေအပြင်
သင်္ဃန်းဝတ်ရုံခြုံထားတဲ့ လူတွေနဲ့
မှိုင်းမိနေလေရဲ့။
Telenor, Ooredoo
စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့
မှိုင်းမိနေပြန်ရဲ့။

တကယ်တော့… ကိုယ်တိုင်လည်း
တခြားသူတွေလို မှိုင်းမိနေလို့…
မှိုင်းခံစက္ကူဝယ်ပြီး
တစ်ကိုယ်လုံးခြုံထားလိုက်ရင်
ကောင်းမလားလို့...

No comments:

Post a Comment