"သူလိုလူ"
ဟိုတစ်နေ့က
ဟိုတစ်နေ့က
သူ့ကို တွေ့လိုက်တယ်။
လမ်းမကြီးပေါ်
လေလွင့်နေတယ်။
လမ်းမကြီးပေါ်
လေဟုန်စီးနေတယ်။
ညာဘက်က ကားလာတော့
ဘယ်ဘက်ဆီကို...
အလိုက်သင့်လေး ရွေ့သွားတယ်။
ဘယ်ဘက်က ကားလာတော့
ညာဘက်ဆီကို...
ဦးတည်ပြီး ပါသွားတယ်။
အဲဒီ့လို... ဟိုဘက် ဒီဘက် ရွေ့နေရင်း
လမ်းမကြီးပေါ် ကားရှင်းသွားတော့
ကားလမ်းအလည်
ငြိမ်သက်စွာ... ရပ်ကာရယ်
ရှိနေခဲ့တယ်။
သူ... သူဟာ
တစ်စုံတစ်ယောက် စွန့်ပစ်ခဲ့တဲ့
ဖော့ဗူးခွံ တစ်ခုသာ။
No comments:
Post a Comment