"အဖေ"
"မေမေ၊ ဖေဖေ" ဆိုတဲ့
တီတီတာတာ
စကားတွေ
မသင်ပေးခဲ့ဖူးပေမယ့်
လူတွေနဲ့
ဘယ်လို
ပေါင်းသင်းဆက်ဆံရမလဲဆိုတာ
သင်ပေးခဲ့ဖူးတယ်။
"ကကြီး၊
ခခွေး" ဘယ်လိုရေးရလဲဆိုတာ
လက်တွေ့မပြဖူးပေမယ့်
အနာဂတ်ကို
ဘယ်လိုခြယ်မှုန်းရမလဲဆိုတာ
နည်းလမ်းပြခဲ့ဖူးတယ်။
အရွယ်ငယ်စဉ်
မွေးသဖခင်လို
မိုးရေအတူ
မချိုးဖူးပေမယ့်
မိုးရွာရင်
ထီးစောင်းပြီး
လုံလုံခြုံခြုံနေရမယ်ဆိုတာ
ဂရုတစိုက်နဲ့
သတိပေးခဲ့ဖူးတယ်။
ကျောင်းသွားရင်
လက်ကိုဆွဲပြီး
ကျောင်းလိုက်မပို့ဖူးပေမယ့်
အလုပ်တွေရွေးချယ်ဖို့အတွက်တော့
အကြံကောင်းတွေပေးခဲ့ဖူးတယ်။
သွေးသားချင်း
မတော်စပ်ပေမယ့်…
နှလုံးသားချင်း
တော်စပ်ခဲ့ကြတယ်။
သွေးသားချင်း
မတူပေမယ့်လည်း…
မိဘတွေနဲ့
တစ်ကိုင်းထဲရှိတဲ့… သူ
သူဟာ
ကျွန်မအတွက်တော့
အဖေပါပဲ။
No comments:
Post a Comment