"အချိန်နဲ့နေရာ"
အဲဒီ့နေ့ကပေါ့…
မိုးတွေ
အုံ့မှိုင်းနေတာ
ငါ့စိတ်ထဲကအတိုင်း။
အဲဒီ့နေ့ကပေါ့…
မနက်ရှုခင်းက
မသာမယာ၊
မှောင်မှိုင်းနေလေရဲ့။
အဲဒီ့နေ့ကပေါ့…
တဖွဲဖွဲကျလာတဲ့
မိုးနဲ့အတူ
မျက်ရည်တွေ
တဖွဲဖွဲခခဲ့တယ်။
အဲဒီ့နေရာမှာ…
ငါ…တစ်ယောက်တည်း
မဟုတ်ပေမယ့်
တစ်ယောက်တည်းလို့
ခံစားနေရတယ်။
အဲဒီ့နေရာက…
အေးမြနေသလို
ငါ့ခန္ဓာကိုယ်တစ်ခုလုံး
အေးစက်နေခဲ့တယ်။
အဲဒီ့နေရာမှာ…
ချိုမြနေတဲ့
အရသာတွေက
ပုံစံပြောင်းသွားပြီး
ငါ့ရင်ဘတ်ထဲကို
ခါးသက်မှုတွေ
တိုးဝင်စေခဲ့တယ်။
အဲဒီ့နေ့က
အဲဒီ့နေရာမှာ…
ရေခဲမုန့်တစ်ခွက်နဲ့
ကော်ဖီတစ်ခွက်
မတူညီတဲ့
အချိုးတွေကို
တူညီအောင်
ညှိနှိုင်းခဲ့ကြတယ်။
(၂၈.၆.၂၀၁၂)
ကြာသပတေးနေ့
မနက် ၉း၃၀
No comments:
Post a Comment